ပအိုဝ်းရိုးယာ မီးလုံးပွဲး...
သီချင်းလေးနားထောင်ပြီး ရိုးယာပွဲးတော်အရသာခံစားကြည့်ကြပါဦးလာခင်ဗျာ.......
သီချင်းလေးနားထောင်ပြီး ရိုးယာပွဲးတော်အရသာခံစားကြည့်ကြပါဦးလာခင်ဗျာ.......
ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ အာရှလူစွာ ဖိလစ်ပိုင်နိုင်ငံသား မက်နီပက်ခီယောင် နှင့် အင်္ဂလိပ်နိုင်ငံသား လက်ဝှေ့ချန်ပီယံ ရက်ကီဟက်တန်တို့ အကြိတ်အနယ်ယှဉ်ပြိုင် ထိုးသတ်ပွဲး..... ( ၅ ရက်၊ မေလ၊ ၂၀၀၉)
မက်နီပက်ခီယောင်းထိုးသတ်မှုသမိုင်း။ ။ ပွဲး ၅၃ ၊ နိုင် ၄၈ (၃၆ အလဲထိုး) ၊ ရှုံး ၃ (၂အလဲထိုး)၊ သရေ ၂ ။
ရစ်ကီဟက်တန်ထိုးသတ်မှုသမိုင်း ။ ။ ပွဲး ၄၆ ၊ နိုင် ၄၅ ( ၃၂ အလဲထိုး) ၊ ရှုံး ၁ (၁အလဲထိုး)၊ သရေ ၀ ။
ဟိုတုန်းကတော့စတိုင်ထုတ်…
ဘာမဟုတ်တဲ့ စီကရက်လေးဖွာ..
ငါ့ကိုယ်ငါပြန်သိလိုက်တဲ့အချိန်မှာတော့ … အော်..ငါဆေးလိပ်စွဲးနေပြီဘဲ….
သူများတွေပြောတဲ့ ဆေးလိပ်ရဲ့ဆိုးကျိုး…
မကြုံတိုးဖူးသေးတော့ငါမယုံခဲ့…
အဲးဒီလိုနဲ့ ဆက်သောက်ခဲ့တာ သုံနှစ်ကျော်လောက်ရှိခဲ့မှာပေါ့…..။
အများတကာပြောခဲ့ရင်တောင်.. ငါဂရုမစိုက်…
ငါ့ဘာသာငါမိုက်တာဘဲ..
မင်းတို့ နဲ့ဘာဆိုင်လဲလို့ တောင်ပြန်ပြောခဲ့သေးတယ်…။
(ခုလိုနေရာဒေသပြောင်းပြီးလာနေရတော့…)
စိုးထိုင်းမှုတွေက ရာနှုန်းပြည်မတတ်မြင့်.....
အသက်ရှုရတာတောင့် (တဟင့်ဟင့် ) အသံမြည်လာတဲ့ငါရင်ဘတ်…
နေရထိုင်ရခက်လိုက်တာဗျာ…..။
(အဟွတ်..အဟွတ်)… ဘာတတ်နိုင်မှာလဲ.. ငါဘဲမိုက်ခဲ့တာကို…။
မှတ်ချက်။ ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်နိုင်ပါသည်။
ရာသီတွေအလီလီပြောင်းနေပေမဲ့.. အောင့်အီးသီးခံ…
မင်းနဲ့ ဆုံ ရမဲ့အချိန်တွေကိုဘဲအမြဲးစဉ်းစားနေတဲ့ငါဟာ….
ရူးသွတ်နေတဲ့သူတစ်ယောက်ဖြစ်ပြီလာ……..။
အနေဝေးရင် သွေးအေးတတ်တယ်တဲ့..
စိုင်းထီးဆိုင်လာ(ဘယ်သူလဲတော့မသိဘူး)ဆိုထားတဲ့သီချင်းလေးကိုတောင်သတိရမိတယ်..
ဒါပေမဲ့လည်း..
ပူပင်သောက..လွမ်းရတဲ့စိတ်တွေကြောင့် ငါနှလုံးသွေးတွေကတော့
အက်ဆစ်ရည်မြေကြီးပေါ်လောင်းချလိုက်သလို.. ပွက်ပွက်ကိုဆူနေပါပြီကွာ…။
မင်းကိုဘယ်လောက်ထိလွမ်းသလဲဆိုတော့….
ဘီယာပုလင်းတွေမှောက်… ကမ္ဘာကြီးငါ့အတွက်ဇောက်ထိုးဖြစ်နေလည်း
မင်းနာမည်တော့ယောင်ယမ်းပြီးငါခနခနခေါ်နေမိတယ်….။
ချစ်သူ… (ကိုယ့်ဘက်ကပါ.. သူ့ ဘက်ကတော့ဘယ်လိုလဲမသိဘူး.. :D)
ကိုယ့်ခံစားချက်… ဘီယာတစ်ခွက်စာလောက်မင်းတန်ဖိုးထားမယ်ဆိုရင်…
ပြန်ဆုံတဲ့တချိန်ကျ အာဗွားပေးဖို့ မမေ့နဲ့ နော်… :D (လူလည်…ကျလိုက်ဦးမယ်…)
မှတ်ချက်။ ။ အပျော်သက်သက်ရေးထားခြင်းဖြစ်သည်...
Manchester United v Tottenham Hotspur
Hull city vs Liverpool
West Ham 0-1 Chelsea(First Half)
Photoshop ကိုကိုင်တွယ်တတ်တဲ့လူတွေတော့သိပြီးသားဖြစ်မှာပါ.. သို့ ပေမဲ့လည်း.. မသိသေးတဲ့လူတွေအတွက်ရည်ရွယ်ပြီး ဒီ post ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်… ကျနော်လဲမကျွမ်းကျင်တဲ့သူတွေထဲးကတစ်ယောက်ပါဘဲ.. :D အသစ်အသစ်ရှာရတာပေါ့ဗျာ..
လေအာနေတာများသွားလို့ .. ဘာအကြောင်းရေးမလဲးဆိုတာကိုတောင်ပြောပြဖို့ မေ့နေပြီ.. ကျနော် ရေးမည့်အကြောင်းလေးကတော့ photoshop ဖြင့် ဓါတ်ပုံနှစ်ပုံ သို့မဟုတ် သုံးပုံကို ဘယ်လို ပေါင်းစပ်မလဲး ဆိုတဲ့အခြေခံ photoshop အကြောင်းလေးပါဘဲ….
ကျနော်တို့ အောက်မှာပြထားတဲ့ဒီပုံလေးနှစ်ပုံကိုတစ်ခုပေါ်တစ်ခုထပ်ပြီး merge လုပ်လိုက်ရအောင်…(ပေါင်းစပ်တယ်လို့ ဘဲဘာသာပြန်တော့မယ်နော်၊ အဲးဒါထက်သင့်လျော်မဲ့စကားလုံးလေးတွေသိရင် စီဘောက်(စ်)မှာရေးထားခဲ့ပါ - ကျေးဇူးအရင်တင်ထားလိုက်မယ်)
အဆင့် (၁) အနေနဲ့ ကတော့ အခုပုံထဲးမှာပြထားတဲ့အတိုင်းမိမိ ပေါင်းစပ်ချင်တဲ့ပုံနှစ်ပုံကို photoshop မှာတင်လိုက်ပါ
အဆင့်(၂)အနေနဲ့ ကတော့် ကိုယ်ဘယ်ပုံကိုအပေါ်မှာတင်ချင်သလဲးပေါ့… ကိုအပေါ်မှာတင်ထားချင်တဲ့ပုံလေးကို select (ေ၇ွးလိုက်ပါ) ပြီးရင်တော့ဖြင့် copy လုပ်လိုက်တာပေါ့
ပုံတစ်ခုလုံးကို select လုပ်ဖို့ အတွက် ctrl+A နှိပ်ပါ ပြီးရင် ကော်ပြီအလှည့်ကျတော့ ctrl+c ပေါ့ဗျာ…
ခုဆိုဒီပုံကိုကျနော်တို့ select လုပ်ထားပြီးဖြစ်ပါတယ်… ဒီပုံကိုကျနော်တို့ ဟိုစောစောကတိုက်အိမ်ကြီးနဲ့ ပေါင်းစပ်မှာဖြစ်ပါတယ်.. ဘယ်လိုပေါင်းမှာလဲဆိုတော့.. ကျနော်တိုဒီပုံကို အဲးဒီတိုက်အိမ်ကြီးရဲ့အပေါ် layer မှာထပ်။ ပြီးတော့ဒီပုံရဲ့ဘယ်ဘက်ထိပ်စွန်းတောင့်ကနေအလယ်လောက်ထိကိ ပုံ အကြည်ဖြစ် အောင်လုပ်နိုင်ရင် ဒီပုံရဲ့ အောက်တစ် layer မှာရှိတဲ့တိုက်အိမ်ရဲ့ပုံတစ်ပိုင်းတစပေါ်လာမှာပေါ့… ဒါဆိုရင်မသိရင်ပုံကဆက်နေပြီပေါ့နော်…
ကဲ့ဘယ်လိုဒီပုံလေးရဲ့ညာဘက်အစွန်တောင့်လေးကိုအကြည့်လုပ်မလဲဆိုတာဆက်ကြည့်ရအောင်…
ခုနက select + copy လုပ်ထားတဲ့ပုံလေးကို တိုက်အိမ်ပုံပေါ်မှာသွားပြီး ctrl+v နဲ့ paste သွားလုပ်လိုက်ပါ..
layer Plattee မှာ layer နှစ်ခုပေါ်လာပါလိမ့်မယ်.. တစ်ခုကတိုက်အိမ်ပုံ (အောက်လေယာ) တစ်ခုက ကျနော်တို့  paste လုပ်ထားတဲ့ပုံ အပေါ်မှာပါ.
ကျနော်တို့ select (ရွေးချယ်)ထားတဲ့ပုံလေးရဲ့ layer Palette ကိုသွားလိုက်ရအောင်.။
ပြီးရင်ပုံမှာပြထားတဲ့အတိုင်းဘဲး လေးထောင့်ကွက်ရဲ့အလယ်မှာအ၀ိုင်းလေးရှိနေတဲ့ icon လေးကိုနှိပ်လိုက်ရင် ကျနော်တို့ ရွေးထားတဲ့ပုံရဲ့ layer မှာစာရွက်အဖြူလေးထွက်လာတာကိုတွေ့ ရပါလိမ့်မယ်… ။အဲးဒီ icon လေးကိုတော့ add layer mask လို့ ခေါ်တယ်ပြောတာဘဲ (အနော်လေးသေချာမသိဘူးနော်.. :D)
ကဲဘာဆက်လုပ်မှာလဲဆိုတော့ ကျနော်တို့  tool box မှာရှိတဲ့အနီရောင်လေးနဲ့ဝိုင်းထားတဲ့ Gradient tool ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဗျာ..
(ခဲးဖျက်ဘေးမှာရှိသည်၊ တစ်ခါတစ်ခါ ရေခွက်ကဲ့သို့ သောပုံများရှိတတ်သည်ထိုအခြေအနေမျိုးတွင် drop down bottom လေးကိုနှိပ်လိုက်ပါက လေးတောင့်ကွက်အဖြူတစ်ဝက်အမဲတစ်ဝက် ပုံလေးကိုတွေ့ ရမည်… လေရှည်သွားရင်ခွင့်လွတ်ပါဗျာ… အခြေခံသမားတွေအတွက်လို့ ပြောထားတယ်နော်....:D)
ပြီးရင်တော့ဒီအောက်မှာပြထားတဲ့ပုံထဲးကလို အဲးဒီ Gradient tool လေးနဲ့ လိုအပ်သလို အောက်ပါပုံတွင်ပြထားသည့်အတိုင်း မျဉ်းကြောင်းဆွဲးလိုက်ရင်ဘာဖြစ်လာမလဲဆိုတာလက်တွေ့ ကြည့်ကြည့်လိုက်ပါ…
ဒီအောက်ကပုံလေးဆိုရင်တော့ဖြင့် ကျနော်တို့ ကနဦးစက ပြထားတဲ့ ပုံလေးနှစ်ပုံကို Merge လုပ်ထားပြီးသားပုံလေးဖြစ်ပါတယ်…
(ကျနော်ရေးထားတာနားမလည်ရင်တော့ဖြင့် စီဘောက်(စ်)မှာမေးခွန်းများမေးနိုင်ပါကြောင်းကြိုတင်ကြိုတင်.. အသိပေးထားပါတယ်ဗျာ...)
Chelsea v Everton
Liverpool 4-4 Arsenal
srsvliv
1) ဒီပုံထဲးမှာတွေ့ ရတဲ့ ဒေါင်လိုက်မျဉ်းလေးတွေဟာ မျဉ်းပြိုင်တွေဆိုတာ ယုံကြမလာ..
Ronaldo's Stunting Goal Against Porto
Chelsea FC 4 - 4 Liverpool FC HQ extended highlights
21chojdliv p1
Arsenal FC 3 - 0 Villarreal CF short highlights
First Goal
second goal
Third Goal
မနေ့ ညက အွန်လိုင်းမှာ တက်ပြီး ကလိနေတုန်း စိတ်ဝင်စားစရာကောင်းတဲ့သတင်းလေးတခုဖတ်လိုက်ရတယ်။ သတင်းကတော်တော်ထူးတယ်ဗျ…။ဘာကြောင့်လဲးဆိုတော့ အမေရိကန်နိုင်ငံရဲ့ အာကာသဆိုင်ရာသုသေတနအဖွဲ့ ချုပ်ကြီးတစ်ခုဖြစ်တဲ့ နာဆာ (NASA National Aeronautics and Space Administration ) ပိုင်တဲ့အာကာသယာဉ်တစ်စီးကို အဖရိကတိုက်မှာရှိတဲ့ စူမားလီးယာ ပင်လယ်ဓါပြ (Somalia pirate) တွေက (Mars) ဂြိုလ်အနီးမှာ ပြန်ပေးဆွဲးသွားတယ်ဆိုတဲ့သတင်းဖြစ်နေလို့ ပါဘဲ…။
အာကာသယာဉ်မပြောနဲ့ ဦး.. ကားတစ်စီးတောင်ဘယ်လိုဆောက်သလဲး မသိတဲ့ ပင်လယ်ဓါပြတစုက အာကာသ(space) မှာ ဓါပြသွားတိုက်တယ်ဆိုတော့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ချုပ် (CIA) ခေါင်းဆောင်တွေတော်တော် ဦးနှောက်စားသွားတယ်ကြားတယ်…။
စီအိုင်အေခေါင်းဆောင်တွေစဉ်းစားမရတဲ့ စူမားလီယားပင်လယ်ဓါပြတွေ အာကာသထဲး ဘယ်လို ရောက်သွားသလဲးဆိုတာကို ကျနော်သိတယ်….။ စီအိုင်အေ ထောက်လှမ်းရေးမှုးကြီးတွေညံ့တယ်လို့ ကျနော်မဆိုလိုချင်ပါဘူ….။ ဘာကြောင့်လဲဆိုတော့ အမေရိကန်မှာ ကားကိုဘေးကနေပြီး တွယ်စီးတဲ့ယဉ်ကျေးမှုမှမရှိတာ…။ ကျနော်တို့ မြန်မာနိုင်ငံတို့  အဖရိက မှာရှိတဲ့ စမောလီးယာ နိုင်ငံတို့ မှာဆို ကားတွယ်စီးတယ်ဆိုတာ လူတိုင်းလုပ်နေကျဘဲးမဟုတ်လာ…။
လွန်ခဲ့တဲ့ ၂၀၀၈ နှစ်ကုန်ပိုင်းတုန်းက တရုတ်နိုင်ငံကနေပြီးတော့ အာကာသထဲးကို ယာဉ်ပြန်တစ်စီးလွတ်လိုက်တယ်…။ ဖြစ်နိုင်ချေရှိတာက စမောလိယာ ပင်လယ်ဓါပြတွေ တရုတ်အာကာသယာဉ်ကို ဘေးကနေတွယ်စီးပြီး အာကာသထဲးကိုလိုက်သွားတာနေမှာပေါ့..။ အာကာသလမ်းခရီးမှာ ချက်ပွိုင့် (check points) မှမရှိတာဗျာ..။
Hong Kong Standard news ထဲးတွင်ရေးထားတဲ့ ဟာသလေးတစ်ပုဒ်ကို မြန်မာမှုပြုလိုက်ခြင်းဖြစ်သည်…။
ကျနော်လုပ်ချင်တဲ့အလုပ်က လူတွေပြသနာတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူတို့ ရဲ့အဲးဒီပြသနာတွေကိုကျော်ဖြတ်ဖြေရှင်းနိုင်ဖို့ အတွက် အကြံပေးပေးတဲ့ ကွန်ဆော့တန့် (Consultant) ဖြစ်ပါတယ်..။ အဲးဒီလိုအလုပ်ရဖို့ အတွက် ကျနော် counseling agency တစ်ခုမှာအလုပ်သွားလျှောက်တယ်..။ ကံကောင်းချင်လို့ လားတော့မသိဘူး အဲးဒီလိုအလုပ်သွားလျှောက်တဲ့အချိန်မှာ မကြာသေးခင်ကဘဲ ခင်ပွန်းဆုံးသွားတဲ့ မုဆိုးမ တစ်ယောက်က ကျနော်အလုပ်လာလျှောက်တဲ့ agency မှာ လာပြီးသူ့ အခက်အခဲကို ကူညီဖြေရှင်းဖို့  အကူအညီလာတောင်းတဲ့အချိန်နဲ့ ကွက်တိသွားဖြစ်တယ်။ အဲးဒီတော့ ကျနော့် potential အလုပ်ရှင် :D ကကျနော့်ကိုခိုင်းလိုက်တယ်….. ကဲမင်းအရည်အချင်းဘယ်လောက်ရှိလဲ ငါသိရအောင် အဲးဒီအမျိုးသမီးရဲ့ပြသနာကို သူးကူညီဖြေရှင်းပေချေ…..။ ကျနော်အရမ်းဝမ်းသာသွားတယ်… ဒီတော့ကျနော်လည် professional ပီပီသွားပြီး အဲးဒီအမျိုးသမီးနုတ်ဆက်လိုက်တယ်…
ကျနော်။ ။ မင်္ဂလာပါအန်တီ.. ကျနော့ နာမည်က xxxx ပါ…..xxxxx အေဂျင်ဆီရဲ့ မဖြစ်သေးတဲ့ဝန်ထမ်းတစ်ဦးပါ… အန်တီဘယ်လိုပြသနာနဲ့ ရင်ဆိုင်နေရသလဲးဆိုတာ ကျနော်သိခွင့်ရှိမလာ…….။ (ကျနော်စိတ်ထဲမှာတော့ ..အလုပ်ရှင်တော့တော်တော်ငါ့ကိုသဘောကျလောက်ပြီလို့ ခံစားလိုက်ရတယ်…..)
အမျိုးသမီး။ ။ ဟုတ်ကဲ့..။ ပြသနာကဒီလိုပါ… ကျမမှာသားလေးတစ်ယောက်ရှိတယ်… သူက မန်ယူဘောလုံးအသင်းကို အရူးအမူးစွဲးလမ်းနှစ်သက်တဲ့ မန်ယူပရိတ်သတ်တဦးပါ….။ လွန်ခဲ့တဲ့ သုံးလေးရက်က သူ့ အဖေ အသုဘ ကိုတောင်မတက်ဘဲ မန်ယူနဲ့ ချက်စီး ကန်တဲ့ ချန်ပီယံလိတ် ဗိုလ်လုပွဲးကို တီဗီရှေ့မှထိုင်ပြီး စောင့်ကြည့်တယ်…။ ကျမလဲဘာမှမပြောတော့ဘဲ.. သူ့ အဖေ အသုဘ ကိုအိမ်နီးနားချင်းမိတ်ဆွေတွေနဲ့ သူမပါဘဲ သွားပို့ လိုက်ရတယ်။ ကျမတို့ စိတ်မကောင်းစွာအသုဘကနေ ပြန်လာပြီး အိမ်ရောက်လာတဲ့အချိန်မှာ… မန်ယူက ချက်ဆီးကို တစ်ဂိုးသွင်းလိုက်လို့  သူဝမ်းသာအားရ ခုန်ပေါက်နေတာကိုတွေ့ လိုက်ရတော့ ကျမရော အိမ်နီးချင်းမိတ်ဆွေတွေပါ.. တော်တော်လေး အံ့သြသွားတယ်…. စိတ်မကောင်းလည်း ပိုဖြစ်မိတယ်… အဲးဒါကူညီပါဦး။
ကျနော်။ ။ ဟာ…….ဒီလိုဆိုရင် ပြသနာက တော်တော်ကြီးပုံရတယ် အန်တီ…။ တော်ရုံတန်ရုံ စိတ်ပုံမှန်အနေအထားမှာရှိတဲ့လူဆိုရင် မန်ယူသွင်းလိုက်တဲ့ဂိုးကို အဲးဒီလောက်ထိ ၀မ်းသာအားရပျော်မှာမဟုတ်ဘူး။ ဘာကြောင့်လဲးဆိုတော့ မန်ယူသွင်းလိုက်တဲ့ ဂိုးက သိသိသာသာကြီးကို အောက်ဆိုက် (offside) ဖြစ်နေတယ်။ စိတ်မကောင်းစရာက.. ဒိုင်လူကြီးလဲ အဲးဒါကိုမမြင်လိုက်ဘူ။ .. အဲးဒီတော့ အန်တီ့သားကို အက်ရှင်ရီပလေး ( action replay) ပြန်ကြည့်ခိုင်းလိုက်ပါ..။ သူအဲးဒီဂိုး အောက်ဆိုက်ဖြစ်နေတာကိုသိသွားရင် အဲးဒီလောက်ထိ ၀မ်းသာတော့မှာမဟုတ်ပါဘူး…။
(စာဖတ်ပရိတ်သတ် သာ အလုပ်ရှင်ဆိုရင် ကျနော့်ကိုအလုပ်ခန့်မှာလာ….)
Reader digest မှ ဟာသတစ်ခုကိုဆီလျှော်သလို နောက်ခံ scenery လေးထပ်ဖြည့်ပြီ ဘာသာပြန်ထားသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားလူမျိုးများ အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး၊ လူမျိုးအလိုက် မိမိတို့၏စာပေ၊ စကား၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုစသည့် မိရိုးဖလာရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ရှိကြပါသည်။
စာပေ၊ စကား၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုစသည့် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည့်တိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားလည်းပါဝင်ပေသည်။ ပအိုဝ်းတိုင်းရင်းသားလူဦးရေ၏ ၉၅ ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ မိဘဘိုးဘွားအစဉ်အဆက်ကပင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသောကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာ သာသနာကို အလေးအမြတ်ထား၍ သက်ဝင်ယုံကြည် ကိုးကွယ်ကြသည်မက ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရန်အတွက် သာသနာပြုလုပ်ငန်းများတွင်လည်း အားကြိုးမာန်သက် ဆောင်ရွက်ကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် သာသနာပြုလုပ်ငန်းဆောင်ရွက်ရာတွင် "ပအိုဝ်းမော်ဟွိုး" ဟုခေါ်သည့် ကွက်စိပ်ဓမ္မကထိကပုဂ္ဂိုလ်တို့သည်လည်း အဓိကနေရာတွင် ပါဝင်ကြပါသည်။ "မော်" ဆိုသည်မှာ မြန်မာဝေါဟာရအားဖြင့် "အတတ်ပညာ" ဟုခေါ်ပြီး။ "ဟွိုး"ဆိုသည်မှာ "ဟောပြောခြင်း" ဟုအဓိပ္ပာယ်ရပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ "မော်" ဓလေ့၏ အတတ်ပညာမှာလည်း အမျိုးမျိုးရှိသည်။ ယင်းတို့မှာ
၁) မော်ဟွိုး .... ကွက်စိပ်ဓမ္မကထိက ဗုဒ္ဓတရားဟောသောပုဂ္ဂိုလ်
၂) မော်ဟော်လိတ်... ပအိုဝ်းဘာသာဖြင့်ပြန်ဆိုထားသော ဇာတ်နိပါတ်တော်များနှင့် တရားစာများကို ဟောတတ်ပြောတတ်သူ၊ စာဟောဆရာ
၃) မော်လူ ... နတ်ကိုးကွယ်၍ ဗေဒင်ကဲ့သို့သော အတတ်ပညာကို ဟောပြောတတ်သူ
၎) မော်တရျား ... ပယောဂ ကုဆရာ
၅) မော်မူး... လက်သည်မ စသည်တို့ဖြစ်ပါသည်။
ယခုဖေါ်ပြလိုသည်မှာ သာသနာပြုလုပ်ငန်းတွင် အကျွမ်းဝင်သော "မော်ဟွိုး" ၏ အကြောင်းအရာပြင်ဖြစ်သည်။ "မော်ဟွိုး" ဆိုသည့် ကွက်စိပ်ဓမ္မကထိကတရားဟော ပုဂ္ဂိုလ်တို့သည် လူပုဂ္ဂိုလ်များသာ ဖြစ်သော်လည်း ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ဆောက်ရွက်မှုရှိသဖြင့် ဘုန်းတော်ကြီး ရဟန်းတို့၏ လက်သုံးတော်အဖြစ် အသိအမှတ်ပြုကြသည်။
"မော်" ဆရာတို့သည် ကာယကမ္မ၊ ၀စီကမ္မ၊ မနောကမ္မစသည့်အမှုတို့၌ ယဉ်ကျေးသိမ်မွေ့ကြသည်။ စကားအရာ၌လည်း ကြွယ်ဝသူများဖြစ်ကြသည်။ ရိုးရာ ဘာသာ သာသနာ ယဉ်ကျေးမှု ထိန်းသိမ်းရာ၌ အရေးပါအရာရောက်သောသူများလည်း ဖြစ်ကြပါသည်။
အဆိုပါ ပအိုဝ်းမော်ဟွိုး တို့သည် လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ခန့် ခရာဇ်နှစ် ၁၈၃၀ မတိုင်မီကပင်ပေါ်ပေါက်ခဲ့ဟု ပညာကြွယ်ဝသောမော်ဟွိုးနှင့် လူကြီးများမှ ဆိုကြသည်။
မော်ဟွိုး ပုဂ္ဂိုလ်တို့သည် တောင်ကြီးမြို့နယ်အတွင်းရှိ မိုင်းပျိုးဒေသမှ စတင်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းတွင်၊ နောင်ဟိုင်း၊ ဆီဆိုင် (သထွုံလေး) ခွီဒေသများသို့ တဆင့်ပြီးတဆင့်ပြန်ပွားလာခဲ့သည်။ ထို့နောက်တွင်တဒေသမှ တဒေသသို့ပြန့်ပွားလာခဲ့ရာ နောက်ဆုံးတွင် ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာဒေသ အနှံ့အပြားတွင် မော်ဟွိုးများ ပြန့်နှံ့သွားတော့သည်။ ယခုထက်တိုင် ပအိုဝ်းမော်ဟွိုး ဓမ္မကထိကပုဂ္ဂိုလ် နှစ်ရာကျော်ခန့်ရှိပြီး သူတို့၏ဓမ္မတေးသံများလည်း ဆွတ်ပျံ့ဝေဆာလျက်ရှိနေပါသည်။
မော်ဟွိုးတို့သည် လောကုတ္တရာ စာပေများကို လေ့လာဖတ်မှတ်၍ သူ့ဘာသာအလိုအလျောက် မော်တစ်ဦးဖြစ်လာနိုင်ဖွယ်မရှိပါ။ ၀ါရင့်မော်ဆရာကြီးတစ်ဦးဦးထံသို့ တပည့်အဖြစ်ချဉ်းကပ်၍ မော်ပညာများကို အပင်ပန်းခံကာ အားသွန်ခွန်စိုက် ကြိုးစားသင်ယူမှသာလျင် မော်တစ်ဦးဖြစ်နိုင်ပါသည်။ မော်ပညာကို သင်ယူသော ပုဂ္ဂိုလ်များသည် ၀ါသနာအထုံနည်းပါးသောပုဂ္ဂိုလ်များအတွက် အောင်မြင်မှုလမ်းမရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မော်ပညာသင်ယူစဉ် မိမိဆရာထံ၌ ၀တ်ကြီးဝတ်ငယ် ဆောင်ရွက်ဘွယ်ကိစ္စတို့ကို ပင်ပန်းစွာဆောင်ရွက်ပေးရပါသည်။ ဆရာခြေရင်းတွင် အနီးကပ်လုပ်ကျွေးရပါသည်။ မာန်မာနတရားကို အမြဲနှိမ့်ချရပါသည်။ မော်ပညာသင်ယူရာ၌ သင်ယူခများမပေးရသော်လည်း လူတိုင်းမသင်ယူနိုင်ပေ။ ငွေကြေးဓနပြည့်စုံသူတို့မှာ ဥစ္စာမာနကြောင့် ဆရာ့ထံတွင် အလုပ်အကျွေးမပြုလိုသဖြင့် ၀ါသနာအလွန့်အလွန်ရှိသောသူတို့သည်သာလျင် မော်ပညာကို တတ်မြောက်နိုင်ရန် အလားအလာရှိပါသည်။
မော် ပညာကို မသင်ယူခင် ပရိတ်ကြီး၊ ရှင်ကျင့်ဝတ်၊ သိင်္ဂါလောဝါဒ၊ လောကနီတိ၊ သဒ္ဒါ၊ င်္သဂြိုလ်စသည့် အခြေခံပညာရပ်များကို ရှေးဦးစွာတတ်ထားဖို့လိုပေသည်။ ထို့နောက်မှ ၀ါရင့်မော်ပညာရှိသူထံသို့ ချဉ်းကပ်၍ တပည့်ခံယူကာ မိမိဆရာအား ၀တ်ကြီးဝတ်ငယ်ဆောင်ရွက်ဘွယ်ကိစ္စအ၀၀တို့ကို အနီးကပ်လုပ်ကျွေးရင်း မော်ပညာကို ဆက်လက်သင်ယူရပါသည်။
မော်ပညာဆိုသည်မှာ အနန္တော အနန္တငါးပါးတို့ကို ရှိခိုးတိုင်တည်ရန် ဓမ္မလင်္ကာ၊ သူရဿတီကို တိုင်တည်ရန် အလင်္ကာစာပေများနှင့် ဓမ္မပဒ၊ ငါးရာငါးဆယ်နိပါတ်တော်၊ ဇိနတ္ထပကာသနီကျမ်း၊ သံဝေကဒီပနီ၊ မဟာဗုဒ္ဓ၀င်စသည့် ပိဋ္ဋကတ်ကျမ်းစာအမျိုးမျိုးတို့ကိုအတွင်းကျကျလေ့လာသင်ယူရပါသည်။ ကိုယ်အမူအရာနှင့် အနှိမ့်အမြင့် အတိုအရှည် ဒီဃ၊ ရဿ၊ ဂရုသံ၊ လဟုသံစသည်တို့ကို ပီသအောင်လေ့ကျင့်ယူရပါသည်။ ဤမျှတတ်မြောက်ရုံဖြင့် မော်ဆရာ မဖြစ်နိုင်သေးပေ။ ငါးပါးသီလ ခိုင်လုံအောင်စောင့်ထိန်းရသေးသည်။ မူးယာဇ်သေစာသောက်စားခြင်း သူများအသက်သတ်ခြင်းစသည့် ငါးပါးသီလမလုံခြုံပါက မည်မျပြင်ပညာတတ်စေကာမူ မော်ဆရာဟု မည်သူမျအသိအမှတ်ပြုတော်မည်မဟုတ်တော့ပေ။ ထို့ကြောင့် မော်ပုဂ္ဂိုလ်တို့သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့အမြဲစောင့်ထိန်းကြပြီး ဗြဟ္မာစိုရ်တရားလေးပါးကို လိုက်နာလေးစား၍ မာန်မာနနှိမ့်ချခြင်း၊ ဣနြေ္ဒသိက္ခာရှိရှိဖြင့် သွားလာခြင်း၊ လူတကာကိုယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံခြင်း စသည့်မော်ဥပဒေတို့ကို အမြဲလိုက်နာရပါသည်။
ဓမ္မကထိကမော်တစ်ဦးဖြစ်လာသည့်အခါ ဆေးမင်ကြောင်များကိုလည်း ထိုးရသေးသည်။ ဘုရားငါးဆူ၊ သူရဿတီ၊ မေတ္တာဓာတ်ပွင့်စသည့်ဆေးမင်ကြောင်များကို ရင်ဘတ်၊ လက်မောင်းစသည့်နေရာများတွင် ကတိသစ္စာခံယူ၍ ထိုးထားကြသည်။ ဤသို့ဆေးမြင်ကြောင်များထိုးထားရခြင်းသည် ကာမေသုမိစ္ဆာစာရ၊ သုရာမေရယ စသည့်အကျင့်သီလများ မဖေါက်ပြားနိုင်စေရန် အတွက်ဖြစ်ပါသည်။
ဓမ္မကထိကမော်တစ်ဦးဖြစ်ပြီးသည့်အခါ လိုအပ်သောမော်တို့၏အသုံးကိရိယာများမှာ ပိုးခေါင်းပေါင်းတစ်ထည်၊ မော်ခမောက် (မော်ပုဂ္ဂိုလ်များ သုံးရန်အတွက် နှီးစသည်ဖြင့်ပျော့ပြောင်းစွာ ယက်လုပ်ထားသောခမောက် ဦးထုပ်တစ်မျိုး)၊ ပအိုဝ်းအ၀တ်အစားသန့်သန့်ပြန့်ပြန့်တစ်စုံ၊ ခြေအိပ်တစ်စုံ၊ ချွေးသုတ်ရန်သဘက်တစ်ထည်စသည်တို့ဖြစ်ပါသည်။
မော်တို့၏အခြေခံပညာနှင့် တရားစာအနည်းအကျဉ်းတတ်မြောက်လျင် ရှေးဦးစွာ ဆရာရှေ့တွင်၎င်း၊ မိမိနေအိမ်၌၎င်း တရားဟော လေ့ကျင့်ရပါသည်။ ထို့နောက် ဆရာနှင့်လိုက်၍ ပွဲကြီးပွဲငယ်များတွင် တရားဟောရပါသည်။ ဓမ္မကထိကအရာ၌ကျွမ်းကျင်လိမ္မာရင့်ကျက်လာသောအခါ ဗုဒ္ဓသာသနာပြုလုပ်ငန်းအတွက် အားထားရသော မော်ဟွိုးတစ်ဦးဖြစ်လာပါတော့သည်။
မော်ဟွိုးတို့၏တရားဟောပွဲများမှာ ရဟန်းခံရှင်ပြုပွဲ၊ ကျောင်းကန်ဇရပ်ရေစက်ချပွဲ၊ ဆွမ်းသွပ်ပွဲစသည့် သာရေး၊ နာရေးပွဲများတွင် ပွဲဒါယကာတို့၏ ပင့်ဖိတ်ချက်အရ ယင်းပွဲများနှင့် ဆက်စပ်သောတရားများကို ချီးမြင့်ဟောကြားကြရသည်။ ရဟန်းခံ ရှင်ပြုပွဲစသည့် ပွဲကြီးများမှာ မော်ပုဂ္ဂိုလ်သုံးဦး လေးဦးပူးပေါင်း၍ အလှည့်ကျ တရားဟောရပါသည်။ ဆွမ်းသွပ်ပွဲ အိမ်တက်မင်္ဂလာပွဲ စသည့်ပွဲငယ်များမှာ မော်တစ်ဦးနှစ်ဦးမျှသာ ဟောရပါသည်။ မော်ပုဂ္ဂိုလ်တစ်ဦးတရားဟောရာတွင် သုံးနာရီ လေးနာရီမျ ကြာသည်။ သူတို့၏တရားဟောခြင်းသည် သုံးလေးနာရီခန့်အချိန်ကြာသော်လည်း တရားနာပရိတ်သတ်တို့ ငြီးငွေ့ခြင်း၊ ပျင်းရိအိပ်ငိုက်ခြင်းမရှိပဲ စိတ်ဝင်စားလျက်ရှိကြသည်၊ ဤသို့ဖြစ်ရခြင်းမှာ ပအိုဝ်းတိုင်းရင်းသားတို့၏ ဒါနပြုပွဲ၊ အလှူပွဲများတွင် ဇာတ်သဘင်၊ အငြိမ့်စသည့်ပျော်ပွဲရွှင်ပွဲပါဝင်လေ့မရှိသဖြင့် တရားနာခြင်းအမှုကိုသာ ပျော်ပွဲ ရွှင်ပွဲအဖြစ် ဖြစ်နေသောကြောင့် မည်မျှပင်အချိန်ကုန်ကြန့်ကြာသော်လည်း ငြီးငွေ့ခြင်းမဖြစ်ကြပေ။ အချို့ပွဲများတွင် တစ်ရက်နှင့်တည၊ နှစ်ရက်ဆက်တိုက် သုံးရက် စသဖြင့် နေ့စဉ်ညဆက် တရားပွဲများ ရှိကြသည်။
မော်ပုဂ္ဂိုလ်များ တရားဟောရာ၌ .....
၁) အနန္တောအနန္တငါးပါး (ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ) တို့ကို ရှိခိုးခြင်း၊
၂) မတ်တတ်ရပ် အနန္တောအနန္တဂုဏဆုပတ္တနာကို အမွန်းတင်ဂုဏ်တော်ဖွင့်လင်္ကာနှင့် သူရဿတီကိုတိုင်တည်ခြင်း၊
၃) ပြုလုပ်ဆဲအလှူပွဲနှင့် ဆက်စပ်သောအကြောင်းအရာများကို တရားခေါင်းစဉ်တပ်၍ အကျိုးအကြောင်းရှင်းပြခြင်း၊
၎) တရားဟောခြင်း၊
၅) ၀တ္ထုသက်သေသာဓကတို့ကို ကွက်စိပ်အောင် ထုတ်ဖေါ်ဟောပြောခြင်း၊
၆) တရားဟော အနုမောဒနာပြု၍ အဆုံးသတ်ခြင်းဟူ၍ အပိုင်း (၆) ပိုင်းပါဝင်၏။
မော်ဟွိုး တရားပြီးဆုံး၍ အလှူပွဲ၏နောက်ဆုံး အစီအစဉ်အရ ဘုန်းတော်ကြီးများက တရားချီးမြင်ံဟောကြားပေးရသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်ယာအလုပ်ခွင်ထဲတွင် နေ့စဉ်အချိန်ကုန်နေရသဖြင့် ဗဟုသုတစာပေများနှင့် အမြဲကင်းကွာနေရ၏။ လေ့လာဖတ်မှတ်ရန်လည်း အချိန်သိပ်မရှိကြသဖြင့် ဗဟုသုတနည်းပါး၍ နေကြရသည်။ သို့သော်လည်းပဲ မော်ပုဂ္ဂိုလ်တို့သည် အလှူပွဲများတွင် အလုပ်သမားများ၏ဗဟုသုတစာအုပ်အဖြစ် အမြဲတရားဟောပေးနေသဖြင့်၊ ဗဟုသုတတိုးပွားပြည့်စုံကြ၏။ ပညာရေး၊ လူမှုရေးစသည်တို့ကို သဘောသက်ဝင်လာကြ၏။
ပအိုဝ်းတိုင်းရင်းသားတို့ ကျင်းပသောပွဲများသည် ဗုဒ္ဓဘာသာနှင့် မကင်းကွာသဖြင့် ဗုဒ္ဓတရားတော်များကို အမြဲကြားနေကြရ၏။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် အနန္တော အနန္တကျေးဇူးဂုဏ်ကိုသိတတ်ခြင်း၊ ရတနာသုံးပါးကိုကြည်ညိုခြင်း၊ ဖြူစင်ရိုးသားခြင်း၊ မှန်ကန်ဖြောင့်မတ်သောစိတ်ထားရှိခြင်း၊ ဗြဟ္မာစိုရ်တရားလက်ကိုင်ထားကြခြင်း၊ စေတနာ သဒ္ဓါဗလဖြင့် ပြည့်စုံခြင်းနှင့် ဒါနဘာဝနာများကျင့်ကြံ ပြုလုပ်ခြင်း စသည့်ဗုဒ္ဓသာသနာကို ချီးမြောက်ကြလေသည်။ အလေးအမြတ်ပြုကာ ကြည်ညိုကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့၏ ဤကဲ့သို့ဗုဒ္ဓသာသနာအတွက်အားတက်ဖွယ်ဖြစ်ရခြင်းမှာ ပအိုဝ်းရဟန်းသံဃာတို့၏ လက်ရုံးတော်ဖြစ်သည့် နိဗ္ဗ္ဗာန်ဆော်ဓမ္မကထက "မော်ဟွိုး" တို့၏ ကျေးဇူးနှင့်မကင်းနိုင်ပေ။ ထို့ကြောင့် ကွက်စိပ်ဓမ္မကထိက "ပအိုဝ်းမော်ဟွိုး" တို့သည် တော်ပေါ်ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းတွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ။
မှတ်ချက်။ ။ "ဒဲဉ်သီးလက်ဆောင်း" စာစောင်မှ ခွန်အာကာ ရေးသားထားသည့်စောင်းပါးကို ကောက်နှုတ်ဘာသာပြန်ထားပါသည်။ ဘ၀ခရီးဘလောက့်မှတဖန်ပြန်လည်ကူးယူထားသည်..။
Powered by eSnips.com |
Back to TOP