Saturday, April 25, 2009

စနေနေ့ညပရီးမီးယားလိတ်(ဂ်) highlights





Manchester United v Tottenham Hotspur


Hull city vs Liverpool

West Ham 0-1 Chelsea(First Half)

West Ham 0-1 Chelsea(second Half)

Read more...

သူငယ်ချင်းများအတွက်......


Read more...

Thursday, April 23, 2009

Photoshop တွင်ဓါတ်ပုံပေါင်းစပ်ခြင်း… (photo merging)

Photoshop ကိုကိုင်တွယ်တတ်တဲ့လူတွေတော့သိပြီးသားဖြစ်မှာပါ.. သို့ ပေမဲ့လည်း.. မသိသေးတဲ့လူတွေအတွက်ရည်ရွယ်ပြီး ဒီ post ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်… ကျနော်လဲမကျွမ်းကျင်တဲ့သူတွေထဲးကတစ်ယောက်ပါဘဲ.. :D အသစ်အသစ်ရှာရတာပေါ့ဗျာ..

လေအာနေတာများသွားလို့ .. ဘာအကြောင်းရေးမလဲးဆိုတာကိုတောင်ပြောပြဖို့ မေ့နေပြီ.. ကျနော် ရေးမည့်အကြောင်းလေးကတော့ photoshop ဖြင့် ဓါတ်ပုံနှစ်ပုံ သို့မဟုတ် သုံးပုံကို ဘယ်လို ပေါင်းစပ်မလဲး ဆိုတဲ့အခြေခံ photoshop အကြောင်းလေးပါဘဲ….

ကျနော်တို့ အောက်မှာပြထားတဲ့ဒီပုံလေးနှစ်ပုံကိုတစ်ခုပေါ်တစ်ခုထပ်ပြီး merge လုပ်လိုက်ရအောင်…(ပေါင်းစပ်တယ်လို့ ဘဲဘာသာပြန်တော့မယ်နော်၊ အဲးဒါထက်သင့်လျော်မဲ့စကားလုံးလေးတွေသိရင် စီဘောက်(စ်)မှာရေးထားခဲ့ပါ - ကျေးဇူးအရင်တင်ထားလိုက်မယ်)



အဆင့် (၁) အနေနဲ့ ကတော့ အခုပုံထဲးမှာပြထားတဲ့အတိုင်းမိမိ ပေါင်းစပ်ချင်တဲ့ပုံနှစ်ပုံကို photoshop မှာတင်လိုက်ပါ


အဆင့်(၂)အနေနဲ့ ကတော့် ကိုယ်ဘယ်ပုံကိုအပေါ်မှာတင်ချင်သလဲးပေါ့… ကိုအပေါ်မှာတင်ထားချင်တဲ့ပုံလေးကို select (ေ၇ွးလိုက်ပါ) ပြီးရင်တော့ဖြင့် copy လုပ်လိုက်တာပေါ့


ပုံတစ်ခုလုံးကို select လုပ်ဖို့ အတွက် ctrl+A နှိပ်ပါ ပြီးရင် ကော်ပြီအလှည့်ကျတော့ ctrl+c ပေါ့ဗျာ…


ခုဆိုဒီပုံကိုကျနော်တို့ select လုပ်ထားပြီးဖြစ်ပါတယ်… ဒီပုံကိုကျနော်တို့ ဟိုစောစောကတိုက်အိမ်ကြီးနဲ့ ပေါင်းစပ်မှာဖြစ်ပါတယ်.. ဘယ်လိုပေါင်းမှာလဲဆိုတော့.. ကျနော်တိုဒီပုံကို အဲးဒီတိုက်အိမ်ကြီးရဲ့အပေါ် layer မှာထပ်။ ပြီးတော့ဒီပုံရဲ့ဘယ်ဘက်ထိပ်စွန်းတောင့်ကနေအလယ်လောက်ထိကိ ပုံ အကြည်ဖြစ် အောင်လုပ်နိုင်ရင် ဒီပုံရဲ့ အောက်တစ် layer မှာရှိတဲ့တိုက်အိမ်ရဲ့ပုံတစ်ပိုင်းတစပေါ်လာမှာပေါ့… ဒါဆိုရင်မသိရင်ပုံကဆက်နေပြီပေါ့နော်…

ကဲ့ဘယ်လိုဒီပုံလေးရဲ့ညာဘက်အစွန်တောင့်လေးကိုအကြည့်လုပ်မလဲဆိုတာဆက်ကြည့်ရအောင်…


ခုနက select + copy လုပ်ထားတဲ့ပုံလေးကို တိုက်အိမ်ပုံပေါ်မှာသွားပြီး ctrl+v နဲ့ paste သွားလုပ်လိုက်ပါ..


layer Plattee မှာ layer နှစ်ခုပေါ်လာပါလိမ့်မယ်.. တစ်ခုကတိုက်အိမ်ပုံ (အောက်လေယာ) တစ်ခုက ကျနော်တို့  paste လုပ်ထားတဲ့ပုံ အပေါ်မှာပါ.



ကျနော်တို့ select (ရွေးချယ်)ထားတဲ့ပုံလေးရဲ့ layer Palette ကိုသွားလိုက်ရအောင်.။


ပြီးရင်ပုံမှာပြထားတဲ့အတိုင်းဘဲး လေးထောင့်ကွက်ရဲ့အလယ်မှာအ၀ိုင်းလေးရှိနေတဲ့ icon လေးကိုနှိပ်လိုက်ရင် ကျနော်တို့ ရွေးထားတဲ့ပုံရဲ့ layer မှာစာရွက်အဖြူလေးထွက်လာတာကိုတွေ့ ရပါလိမ့်မယ်… ။အဲးဒီ icon လေးကိုတော့ add layer mask လို့ ခေါ်တယ်ပြောတာဘဲ (အနော်လေးသေချာမသိဘူးနော်.. :D)



ကဲဘာဆက်လုပ်မှာလဲဆိုတော့ ကျနော်တို့  tool box မှာရှိတဲ့အနီရောင်လေးနဲ့ဝိုင်းထားတဲ့ Gradient tool ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ဗျာ..


(ခဲးဖျက်ဘေးမှာရှိသည်၊ တစ်ခါတစ်ခါ ရေခွက်ကဲ့သို့ သောပုံများရှိတတ်သည်ထိုအခြေအနေမျိုးတွင် drop down bottom လေးကိုနှိပ်လိုက်ပါက လေးတောင့်ကွက်အဖြူတစ်ဝက်အမဲတစ်ဝက် ပုံလေးကိုတွေ့ ရမည်… လေရှည်သွားရင်ခွင့်လွတ်ပါဗျာ… အခြေခံသမားတွေအတွက်လို့ ပြောထားတယ်နော်....:D)


ပြီးရင်တော့ဒီအောက်မှာပြထားတဲ့ပုံထဲးကလို အဲးဒီ Gradient tool လေးနဲ့ လိုအပ်သလို အောက်ပါပုံတွင်ပြထားသည့်အတိုင်း မျဉ်းကြောင်းဆွဲးလိုက်ရင်ဘာဖြစ်လာမလဲဆိုတာလက်တွေ့ ကြည့်ကြည့်လိုက်ပါ…


ဒီအောက်ကပုံလေးဆိုရင်တော့ဖြင့် ကျနော်တို့ ကနဦးစက ပြထားတဲ့ ပုံလေးနှစ်ပုံကို Merge လုပ်ထားပြီးသားပုံလေးဖြစ်ပါတယ်…

(ကျနော်ရေးထားတာနားမလည်ရင်တော့ဖြင့် စီဘောက်(စ်)မှာမေးခွန်းများမေးနိုင်ပါကြောင်းကြိုတင်ကြိုတင်.. အသိပေးထားပါတယ်ဗျာ...)

Read more...

Tuesday, April 21, 2009

weekday့ ပရီးမီးယာလိတ်(ဂ်)ပွဲး Highlight







Chelsea v Everton



Liverpool 4-4 Arsenal
srsvliv

Read more...

စိတ်ဝင်စားစရာကောင်းသောပုံများ...

1) ဒီပုံထဲးမှာတွေ့ ရတဲ့ ဒေါင်လိုက်မျဉ်းလေးတွေဟာ မျဉ်းပြိုင်တွေဆိုတာ ယုံကြမလာ..


2) ပုံထဲမှာဆွဲးထားတဲ့လူသုံးဦးကိုအရှေ့ မှာတန်းစီခိုင်းရင် ဘယ်တစ်ယောက် အရပ်အရှည်ဆုံးဖြစ်မယ် ထင်ပါသလဲ...ပေတံရှိရင်တိုင်းကြည့်နိုင်ပါတယ်..

3) ဒီပုံလေးကဘာပုံလေးလဲးဗျာ.....စီဘောက်မှာကိုယ်မြင်တဲ့ပုံလေးပြောပြလို့ ရပါတယ်..

လည်နေသောဘီးလုံးလေးများဟာတကယ်ရောလည်နေရဲ့လာ...

Read more...

Saturday, April 18, 2009

စနေနေ/တနင်္ဂနွေဘောလုံပွဲးMatch-HighLights





Manutd vs Everton FA cup semi-final








Aston Villa - West Ham (1-1)





Sunderland v Hull City



Read more...

Friday, April 17, 2009

ကျေးဇူးပါဘဲ ဗိုင်းရပ်(စ်)



တကယ်မချစ်ခဲ့
ငါ့ကိုမင်းရက်စက်တယ်ပေါ့....
ကွန်ပြူတာဖန်သားပြင်ပေါ်မှာ ငါ type ခဲ့ဖူးတယ်…

ဒါပေမယ့်ဗျာ.......
မညာမတာဗိုင်းရပ်(စ်)
ကိုက်ဖျက်လိုက်တော့…
Microsoft word ပေါ်မှာ ကမြည်းထိုးထာ…
ငါ့ နှလုံးသားထဲကခံစားချက်ဒဏ်ရာတွေလည်.....
ကုန်ပြီ hardisk နဲ့ အတူ……………….

ကျေးဇူးဘဲ ဗိုင်းရပ်(စ်)ရယ်......

ခွန်အောင်..
၂၉၊၁၊၂၀၀၉

Read more...

  © Nal Myay Thit

Back to TOP